မိုင်းရှူးမြို့နယ်တွင် စစ်ကောင်စီမှအပြစ်မဲ့ ပြည်သူများအားပစ်ခတ်သတ်ဖြတ်ခဲ့

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟွေလွတ်ကျေးရွာလမ်းဘေးတွင် ယမန်နေ့ည ၇နာရီခန့်က စစ်ကောင်စီတပ်မှ မိုင်းရှူးမြို့ တောင်ဟျိုးရွာနေ ပြည်သူ စိုင်းသီဟမောင်းနှင်ကာ ဇနီးနှင့်အသက် ၃နှစ်အရွယ်သားဖြစ်သူတို့ပါလာတော့ ကားကိုတားဆီးခဲ့သည်။

ထို့နောက် အကြောင်းပြချက်မရှိဘဲ ကားအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ စိုင်းသီဟ၏ဇနီး နန်းဆိုင်လူနှင့် သားဖြစ်သူတို့မှာကားအတွင်း၌ပွဲချင်းပြီးသေဆုံးပြီး စိုင်းသီဟမှာ မိုင်းရှူးဆေးရုံတွင်​သေဆုံးသွားခဲ့ပါသည်။

စိုင်းသီဟနှင့်မိသားစုမှာ သာမာန်ပြည်သူများသာဖြစ်ကြကြောင့်းသိရသည်။မိမိတို့အနေဖြင့် စစ်ကောင်စီတပ်၏ ရက်စက်ယုတ်မာမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်။

ကွယ်လွန်သူမိသားစုနှင့်လည်းထပ်တူဝမ်းနည်းကြေကွဲရပါသည်။