သမိုင်းထဲကမတ်လ(၂) ရက်နေ့ (သို့) ရှမ်းပြည်၏ မှောင်အတိကျကာလများ

တချို့ကလာမေးကျတာရှိတယ်။စဝ်ကြာ ဆိုင်ရဲ့အမှန်တရားကိုရှာဖွေပြီးဘာလုပ်ကြ မှာလဲ……?နင်တို့အခုလိုတောင်းဆိုလို့ကော သိသွားမှာမို့လို့လားတဲ့?အတိတ်ကအတိတ် အတိတ်မှာဘဲထားခဲ့လို့မရဘူးလားတဲ့…

ရှမ်းတွေဟာ ၁၉၄၇ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီးကတည်းက နိုင်ငံရေး အရစတင်မှားယွင်းခဲ့ပါတယ်။ယုံမှတ်လို့ပုံအပ် လိုက်တဲ့အခါမှာ ၁၉၄၇ ခြေဥအရပါ ရပိုင်ခွင့် တွေဆုံးရှူံးခဲ့ရပါတယ်။
တရုတ်ဖြူကျူးကျော်စစ်နဲ့အတူ ရှမ်း ပြည်ထဲ ဗမာစစ်တပ်ရောက်ရှိလာခဲ့ချိန်မှာ တော့ ရှမ်းပြည်သူတွေရဲ့ဘဝဟာကံဆိုးမိုး မှောင်မှုတွေစတင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန် ဒုက္ခရောက်တယ်ဆိုပေမဲ့ ပြည်သူလူထုဘ က်ကရပ်တည်ပြီး ကာကွယ်ပေးမဲ့ ရှမ်းနိုင် ငံရေးသမားတွေ စော်ဘွားတွေရှိနေခဲ့ပါသေး တယ်။

စဝ်ကြာဆိုင်ဟာ လွတ်တော်ထဲမှာစစ်တပ် ရဲ့ မတရားမှုတွေကိုမကြာခဏ အရေးဆိုခဲ့ သူတစ်ဦးပါ။ ၁၉၄၇ ခြေဥအဆွဲမှာ ရှူံးခဲ့တဲ့ နိုင်ငံရေးစျေးကွက်ကိုပြန်လည်မြင့်တင့်ဖို့ ၁၉၆၁လောက်ကတည်းက ရှမ်းနိုင်ငံရေးသ မားတွေ ရှမ်းခေါင်းဆောင်တွေအားလုံး ကြိုးပမ်းခဲ့ကျပါတယ်။

ဖက်ဒရယ်ဆိုတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် တန်းတူညီမျှရေးအတွက် ရှစ်ပြည်နယ်မူ အပါအဝင် ပင်လုံစာချုပ်လာ လူမျိုးစုတွေ ရဲ့ရပိုင်ခွင့်တွေကို ကျွန်တော်တို့ရဲ့ခေါင်း ဆောင်တွေဟာ အရေးဆိုကြိုးပမ်းခဲ့ကျပါ တယ်။

ဒါပေမဲ့ ၁၉၆၂ မတ်လ ၂ရက်မှာတော့ နေဝင်းဦးဆောင်တဲ့ ဗမာစစ်တပ်က ရှမ်း တွေကတိုင်းပြည်ကနေခွဲထွက်မှာမို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တယ်။

အဲ့ဒီမတ်လ ၂ရက်မှာဘဲ မြန်မာနိုင်ငံရဲ့ပထမ ဆုံးသမ္မတ စဝ်ရွှေသိုက်ရဲ့သား စဝ်မီကို ပစ်သတ်ခဲ့ကျသလို ရှမ်းခေါင်းဆောင်အများ အပြားကိုဖမ်းဆီးထောင်ချခဲ့တယ်။

ဒါပေမဲ့ စဝ်ကြာဆိုင်ရဲ့ပျောက်ဆုံးမှုက တော့ ဗမာစစ်တပ်နဲ့ဗမာလူမျိုးကြီးဝါဒတွေ ရဲ့ ကျွန်တော်တို့ရှမ်းတွေအပေါ်ပြုကျင့်ခဲ့တဲ့ အထဲမှာအတော်လေးနာကျည်းစရာ အဖြစ် တခုပါဘဲ။ဖမ်းခေါ်သွားတယ်။မဖမ်းဘူးငြင်း တယ်။ပြီးတော့ အစအနမသိရ အလောင်း ဘယ်မှာရှိမှန်းမသိလောက်အောင်ကို လက်စဖျောက်ခဲ့ကြတယ်။

စဝ်ကြာဆိုင်ဟာအဲ့ဒီအချိန်မှာစော်ဘွား အာဏာစွန့်ခဲ့ပြီဆိုပေမဲ့ လွတ်တော်အမတ် တစ်ယောက်အဖြစ် သီပေါနယ်ရဲ့ခေါင်း တောင်အဖြစ်ရှိနေပါသေးတယ်။သူ့လိုလူ ကိုတောင် ဒီလိုရက်ရက်စက်စက်ပြုကျင့် နိုင်ခဲ့တယ်ဆို သာမာန်သျှမ်းပြည်သူတွေက ဘယ်လောက်ထိများ………

ဒါ့အပြင် စဝ်ကြာဆိုင်အပါအဝင် သျှမ်းအမျိုး သားခေါင်းဆောင်တွေဟာ ဖက်ဒရယ်ဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုတောင်းလို့ အဖမ်းခံခဲ့ရ တယ်။အခု ၅၈ နှစ်ရှိပါပြီ ကျွန်တော်တို့ အခုချိန် ထိကိုယ်ပိုင်ပြဌာန်းခွင့်ကိုမရသေးပါဘူး။စဝ်ကြာဆိုင်ရဲ့ဖြစ်ရပ်ဟာလူမျိုးကြီးဝါဒရဲ့သက်သေပါဘဲ။

မတ်လ ၂ ရက်နေ့ဟာ နေဝင်းအာဏာသိမ်း တဲ့နေ့ဆိုတာထက် သျှမ်းတွေအတွက်တော့ ကိုယ့် ရပိုင်ခွင့်ကိုပြန်တောင်းလို့အဖိနှိပ်ခံရပြီး အဲ့က တည်းကအခုချိန်ထိ သျှမ်းပြည်ရဲ့ကံကြမ္မာဟာ မှောင်အတိကျခဲ့ရတာယနေ့အထိပါဘဲ။

စဝ်ကြာဆိုင်အတွက်အမှန်တရားကအစပြုလို့ ခေတ်အဆက်ဆက် သျှမ်းပြည်သူတွေရဲ့အမှန် တရားနဲ့ တရားမျှတမှုကိုပြန်လည်တောင်းဆိုဖို့ ကျွန်တော်တို့ခေတ် သျှမ်းလူငယ်တိုင်းရဲ့တာဝန် ကျွန်တော်တိုရဲ့ တာဝန်လို့ခံယူလို့ ကျွန်တော် တို့အခုလို ကြိုးစားနေရခြင်းဘဲဖြစ်ပါတယ်။ ကျွန် တော်တို့လုပ်လို့ ဘာမှထူးမသွားနိုင်ဘူးလို့ ပြောချင်ပြောကျပါ။ကျောက်တုံးတစ်တုံးဖြစ်ဖို့ အမှုန်အမွားလေးတစ်ခုကလဲအရေးပါတယ်မလား ငြိမ်းချမ်းဖို့အတွက် တရားမျှတမှုကိုရဖို့လိုပါတယ် တန်းတူညီမျှဖို့လိုပါတယ်