1997-2022
မိမိတို့ သျှမ်းပြည်သူတို့မည့သည့်အခါမှမေ့နိုင်မည်မဟုတ်သည့် မြန်မာစစ်တပ်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကာလ အတွင်း 1997 ခုနစ်တွင် တာဖာဟိုကျေးရွာသူရွာသားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော ရက်စက်မှုကြီးသည် ယခု ဇွနိလ ၁၆ ရက်နေ့တွင် 24 နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
ထိုကာလ က ထွက်ပြေးတိမ်းရှောင်ခဲ့ရသော စစ်ဘေးဒုက္ခသည်သောင်းချီတို့သည် ယခုအချိန်ထိအိမ်မပြန်နိုင်ကြသေးသလို သေဆုံးခဲ့သူတို့အတွက်တရားမျှတမှုသည်လဲ ယခုချိန်ထိပျောက်ဆုံးဆဲဖြစ်သည်။ ဖက်စစ်စစ်တပ်သည်လည်း နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့သော်လည်း သျှမ်းပြည်အတွင်းသော်လည်ကောင်း သျှမ်းပြည်ပြင်ပတွင်သော်လည်ကောင်း ရက်စက်မှုအပေါင်း ဆက်လက်သရဖူဆောင်းလျက်သာရှိသည်။
ဇွနိလ ၁၆ ရက်အဖြစ်ဆိုးကိုအမြဲအောက်မေ့စေရန်အတွက် ထိုရက်ကိုသျှမ်းအမျိုးသားလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကျသည်မှာလည်း ၃နှစ်တိုင်ခဲ့ဖြစ်သည်။
ဖက်စစ်စစ်တပ်၏ မတရားမှု၊လူ့အခွင့်အရေးချိုးဖောက်မှုတို့အတွက် ကျွန်ုပ်တို့သည် မိမိတို့ကျရာနေရာမှ ဆက်လက်တိုက်ပွဲဝင်ကျရမည်ဖြစ်သည်။ တန်းတူညီမျှရေး၊လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ဆက်လက်တိုင်ပွဲဝင်ကြပါစို့….
လူ့အခွင့်အရေးတွက်ဆက်တိုက်ကြ…