ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင်ကျရောက်သော သျှမိးလူ့အခွင့်အရေးနေ့တွင် သျှမ်းပြည်အတွင်းဖက်ဆစ်စစ်တပ်တို့၏ နှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးကွယ်လွန်ခဲ့ရသော ပြည်သူတို့အတွက် အထိမ်းမှတ်အခမ်းအနားကို သျှမ်းပြည်အလယ်ပိုင်းရှိ အမျိုးသားကျောင်းတစ်ခုတွင် ဒေသခံမိဘပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် ပူးပေါင်းကာမိမိတို့သျှမ်းကျောင်းသားသမဂ္ဂမှ ပြုလုက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများအား သျှမ်းပြည်၏မဟာငရဲနှစ် ဖြတ်လေးဖြတ်ကာလကိုမှတ်တမ်းတင်ထားသော “The 4 cuts “မှတ်တမ်းရုပ်ရှင်ပြသခြင်း၊ ဆုတောင်းခြင်းများပြုလုပ်ခဲ့ပါသည်။