သွေးစွန်းသောလက်တို့ဖြင့် သမိုင်းကြောင်းကို ဖျောက်ဖျက်ရန်ကြံစည်ကြခြင်း

ဖက်ဆစ်စစ်တပ်၏ယုတ်မာမှုနှင့် လူမျိုးကြီးဝါဒတို့ ကြောင့် အရှေ့သံလွင်ခြမ်း၏သမိုင်းအမွေအနှစ်ဖြစ်သည်သာမက သျှမ်းပြည်၊သျှမ်းတစ်မျိုးသားလုံးတို့၏သမိုင်းအမွေအနှစ်တစ်ခုဖြစ်သည့် ခေမရ၌ကျိုင်းတုံဟော်နန်းကြီးသည် ဖြိုချဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖက်ဆစ်စစ်တပ်သည် ၎င်းတို့ဖြိုချခဲ့သောကျိုင်းတုံဟော်၏မြေနေရာအားအဓမ္မသိမ်းယူထားသေးသကဲ့သို့ ဖက်ဆစ်စစ်တပ်၏ ရက်စက်မှုတို့ကြောင့် အတိဒုက္ခရောက်သွေးမြေကျခဲ့ရသော သျှမ်းပြည်သူများ၏သွေးတို့သည်လည်း မခြောက်သေးပါ။

ထို့အပြင် သျှမ်းပြည်သူတ်ု့အမှန်တကယ်လိုလားသော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တရားမျှတမှုတို့သည်လည်းယခုအချိန်ထိဆိတ်သုဥိးနေဆဲဖြစ်ပါသည်။

ထိုကဲ့သိုအခြေအနေတွင် သွေးစွန်းလူသတ်သမားတိူ့၏ငွေဖြင့် ကျိုင်းတုံဟော်နန်းကြီးအားပြန်လည်တည်ဆောက်မည်ဟုဆိုခြင်းသည် လက်ခံဖွယ်ရာမရှိသကဲ့သို့ ဖက်ဆစ်လူသတ်ကောင်တို့၏ သမိုင်းကြောင်းဖျောက်ဖျက်လိုသည့်ကိစ္စတွင်ပူးပေါင်းပါဝင်ခြင်းသာဖြစ်သည်။

သျှမ်းပြည်သူလူထုအပေါင်းနှင့် ကျိုင်းတုံဒေသခံအပေါင်းတို့ ဖက်ဆစ်လူသတ်ကောင်၏ ကျိုင်းတုံဟော်ကိုပြန်လည်တည်ဆောက်မည့်အကြံအစည်တွင် ပူးပေါင်းပါဝင်ထောက်ခံမှုမပြုကျပါနှင့်။ မသိနားမလည်၍ ပူးပေါင်းချင်းပြုမိခဲ့လျှင်လည်း ဆက်လက်မပါဝင်ကျပါတော့နှင်….

ကျိုင်းတုံဟော်နန်းကြီးကို ဖက်ဆစ်များမှပြန်လည် တည်ဆောက်ရာတွင် သိသိရဲ့နှင့်ဆက်လက်ပါဝင်နေသူမည်သူမဆို၊ဦးဆောင် သူရင်ရင်နွယ်နှင့် ကျိုင်းတုံဟော်နန်းကြီးအား အဓမ္မဆက်လက်ဆောက်လုပ်မည့် ဖက်ဆစ်တို့သည် ခေတ်အဆက်ဆက် မတရားဖိနှိပ်ခံခဲ့ရသော သျှမ်းပြည်သူလူထုတို့၏ ကျိန်စာစူးကျပါစေ….

ဤကျိန်စာကို ကျိုင်းတုံဟော်နန်းကြီး၏မူလပိုင်ရှင် စော်ဘွားကြီးများနှင့် သံလွင်အရှေ့ခြမ်းမှ တချိန်က သျှမ်းမျိုးချစ်စစ်သည်တို့အားတိုင်တည်ကာ ကျိန်ဆိုပါသည်။